
letra de nway oo lay yuu tike khae sin - zenithlovesdaisy
ငါရူးခဲ့တာ နင်နဲ့ပေါင်းဖက်ရမယ်ဆိုပြီး
ယဉ်ယဉ်လေးနဲ့
အဲ့ဒီလိုစိတ်ကူးတိုင်း
တကယ်ဖြစ်မလာတတ်တာကိုတော့
နင်သင်ပေးခဲ့တယ် ကျေးဇူး
ငါတို့နှစ်ယောက်ဘယ်တော့မှမဝေးဘူးလို့
ယုံကြည်ထားခဲ့တဲ့အနာဂတ်လေးကတော့
ပျောက်ကွယ်သွားပြီ
နာကျင်ခြင်းများသာ ရှေးရှု
aww..မျှော်လင့်ချက်တွေတွယ်ရာမဲ့ခဲ့တယ်
ဆယ်ကမ္ဘာမခွဲပဲ အမြဲချစ်မယ်ဆိုပြီး
တာ့တာပြသွားခဲ့သော အလည်လာတဲ့ဧည့်သည်
အပျော်သဘော လေရူးကကျီစယ်ပေမဲ့
သစ်ရွက်ကမကြွေအောင် မရှောင်သာရိုးပါ
အထီးကျန်မှုတွေထွေးပွေ့ထားတဲ့ ဥဩတစ်ကောင်
နွေခေါင်ခေါင်မှာ မိုးရွာ
နင့်နှလုံးသားကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့
ငါ့မနက်ဖြန်တွေ ခိုးအရောင်းခံရတယ်
အကျိုးအကြောင်းမညီတဲ့ စကားတွေနဲ့ နင်ညာနေလဲ
ငါခေါင်းညိမ့်ပေးထားတယ်
နင်နဲ့ပတ်သတ်တဲ့ အဆိုးအကောင်းမှန်သမျှကို
လက်ခံဖို့အမြဲကြိုးစားပေမယ့်
နင်ကနင့်ရဲ့ best friendဆိုတဲ့အမျိုးသားတွေနဲ့
ယှဉ်ပြီးတော့ ငါ့ကို အဖတ်မတန်သလို အမြဲချိုး
ချိုမြိန်ခြင်းတွေပေးဖူးခဲ့တဲ့ ပန်းသီးလေးထဲမှာ
အဆိပ်တွေနင့်နေ (အဆိပ်တွေနင့်နေ)
နင်ပြုံးနေဖို့က အဓိက
မျက်ရည်စတွေနဲ့ငါ မိတ်ဆွေဖြစ်ပစေ
လွတ်လပ်စွာ ပျံသန်းပါ
ချည်နှောင်မထားတော့ဘူး ပူဖောင်းလေးရယ်
ငါ့အရပ်က ကောင်းကင်မှာသက်ဆင်းတဲ့ကြယ်တွေက
ဆုတောင်းမပြည့်ခဲ့တော့
မင်းနားအမြဲရှိချင်နေတယ် ကလေးရယ်
(ဒါပေမဲ့ ငါ့ရင်ခုန်သံတွေ နင်စုတ်ကာဖြဲ)
မင်းမကြင်နာရက်စက်လို့
(သံယောဇဉ်တွေအဆက်ဖြတ်လို့)
ငါရှေ့ဆက်ရမလား?
နောက်ဆုတ်ရမလား?
အတွေးများနဲ့ ဒွိဟ…
ဟိုအရင်လို မင်းမချစ်တော့ပေမဲ့လဲ
(ငါ့ရှင်သန်ခြင်းမှာ မင်းအငွေ့အသက်တွေပါနေတုန်းပဲ)
ကူရာမဲ့သော အိပ်ပျက်ညတွေမှာ
မင်းအရိပ်ကို ရှာဖွေနေတုန်းပဲ
နွေဦး လေရူးတိုက်ခဲ့စဉ်ဝယ်…
မုန်တိုင်းတွေပြီးသွားရင် လေပြေတွေလာတတ်တဲ့
အဲ့ဒီလေပြေတွေငါမလိုချင်ဘူး
ကိုယ်ထင်ဖူးခဲ့တဲ့ အချစ်ဆိုတာ ပျော်ရွှင်ရမယ်ထင်တာ
နာကျင်စရာတွေမမြင်ဘူး
သစ်ရွက်ခြောက်လေးတွေကြွေသွားတာမြင်တိုင်း
မင်းကိုလွမ်းတဲ့စိတ်ကြောင့်
နွေဦးမှာရူးပါစေ
ဒါကြောင့်ငါ အဖြေတစ်ခု ငါအခုရှာနေ
မင်းမသိဘူး မင်းအပေါ်ငါရူးတာတွေ
ငါမကြိုက်တဲ့အချက်တွေကို အမြဲမင်းရွေးလုပ်ခဲ့
လိမ်နေမှန်းသိလျက်နဲ့ အ ချင်ယောင်ဆောင်ပေးခဲ့တာ
သတ်မယ်ဆို လည်ကို စင်းပေးဦးမယ်
မင်းအပေါ်တစ်ဖက်သက်အစွန်းရောက်နေတဲ့
ခံစားချက်တွေလဲ ငါမပြတော့ဘူး
ငါမင်းကို လွမ်းလွန်းလို့ ဓာတ်ပုံတွေထိုင်ကြည့်ကာ
မျက်ရည်လဲမကျတော့ဘူး
အရင်တုန်းကကျ ခွဲမသွားပါဘူးတဲ့
ခုကျတော့နင် ဘဲထားကာ ပလူးပလဲ
photo တွေမြင်တိုင်း တဆစ်ဆစ်နဲ့
ငါ့ရဲ့ အသဲကနာဖူးတယ်
စွန့်လွှတ်မှုတွေက မင်းအတွက်ရင့်ကျက်မှုတွေဖြစ်မယ်ဆို
လဲရတာတန်ပါတယ်
ခပ်တည်တည်နဲ့
ဒါတောင်မှန်ပါလျက်နဲ့ ငါ့ကိုခွဲသွား
ပြန်မလာနဲ့
စိတ်ကူးကစိတ်ကူးသက်သက်ပဲကောင်းပါတယ်
လက်တွေ့ဖြစ်လာဖို့အရာ ခေါင်းထဲမှာမထားနဲ့
အချစ်ဆိုတာကြီးက ပြောင်းလဲတာများတယ်
ချစ်သေးလားမေးရင် ခေါင်းပဲခါပြမယ်
သူမရှိရင် ကျွန်တော်မဖြစ်ဘူးပြောတော့
ကျွန်တော်မရှိလဲသူ ဖြစ်တယ်တဲ့
မင်းတစ်ယောက်အတွက်သာ ရှင်သန်ပေးမယ့်
လူဖြစ်ခဲ့တယ်…
မင်းနားအမြဲရှိချင်နေတယ် ကလေးရယ်
(ဒါပေမဲ့ ငါ့ရင်ခုန်သံတွေ နင်စုတ်ကာဖြဲ)
မင်းမကြင်နာရက်စက်လို့ .. မကြင်နာရက်စက်လို့
(သံယောဇဉ်တွေအဆက်ဖြတ်လို့)
ငါရှေ့ဆက်ရမလား?
နောက်ဆုတ်ရမလား?
အတွေးများနဲ့ ဒွိဟ…
ဟိုအရင်လို မင်းမချစ်တော့ပေမဲ့လဲ
(ငါ့ရှင်သန်ခြင်းမှာ မင်းအငွေ့အသက်တွေပါနေတုန်းပဲ)
ကူရာမဲ့သော အိပ်ပျက်ညတွေမှာ
မင်းအရိပ်ကို ရှာဖွေနေတုန်းပဲ
နွေဦး လေရူးတိုက်ခဲ့စဉ်ဝယ်…
letras aleatórias
- letra de blue - lil bronk
- letra de another minute with you (live) - ryan mcmullan
- letra de best friend blues - monette moore
- letra de iced out - draco
- letra de kids wear crowns - brendan bennett
- letra de тело (body) - flatturn
- letra de ketzerey - versengold
- letra de saucin - jaydynf
- letra de point of no return - sylvan
- letra de folake - badwolf