letras.top
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

letra de အလွှာ (a hlwar) - rachel tayza

Loading...

သီချင်းစာသား (rachel – အလွှာ)

[verse 1]
ငါရှိသေးလား
လူတွေလိုက်လို့ရှာ
ဒါဟာချိုမြိန်ခြင်းတစ်ပါး
ဝေဒနာ

[verse 2]
နင်ဖန်တီးထား
နန်းတော်ဟောင်းကြီးမှာ
အတူတူအိပ်မောကျခဲ့မိတာ

[pre-chorus]
အဝေး ထွက်ပြေး
ခဏလေး
ပျောက်ခွင့်ပေးပါ
စိတ်တွေအဝေး
ငါပြေး
နင်ဟာတစ်ချိန်က ငါ့ရဲ့ဟင်းလင်းပြင်ကြီးပါ

[chorus]
ငါ ကောင်းနေပြီ
စိတ်တွေ ဟောင်းသွားပြီ
နာကျင်ခြင်းများ
ကန့်လန့်ကာများချလို့ ဇာတ်သိမ်းခွင့်ပေးပါ
ငါကောင်းနေပြီ
မနက်ဖြန်တွေများလွန်းပြီ
တွေဝေခြင်းများ
နေဝေခြင်း အလင်းဆည်းဆာလေးလို
ဖြေးဖြေးလေး ရပ်

[verse 3]
ငါဖန်ဆင်းထား
အိမ်မက်ဆိုးလေးဟာ
ရင်မှာ မရှိတဲ့ပြဿနာ
ခံစားခွင့်ပေးထား

[verse 4]
နင် ခြေချသွား
အလွှာများလွန်းနေတဲ့ ပန်းကလေးက
တစစီ ကြွေကျများ
တင်္ဒဂလေး အဆုံး
ငါ ဆိုတာမရှိတော့ပါ

[chorus]
ငါ ကောင်းနေပြီ
စိတ်တွေ ဟောင်းသွားပြီ
နာကျင်ခြင်းများ
ကန့်လန့်ကာများချလို့ ဇာတ်သိမ်းခွင့်ပေးပါ
ငါကောင်းနေပြီ
မနက်ဖြန်တွေများလွန်းပြီ
တွေဝေခြင်းများ
နေဝေခြင်း အလင်းဆည်းဆာလေးလို
ဖြေးဖြေးလေး ရပ်

[outro]
ဆုံမှတ်တွေလဲ လွဲစရာမရှိ
အိမ်မက်လေး ရေထဲ နစ်မြှတ်ပြီ
အဖြူရောင်လေး ဆေးခြယ်
မှောင်မိုက်သော ညအလယ်
ချန်ခဲ့တာ

letras aleatórias

MAIS ACESSADOS

Loading...