letras.top
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

letra de ဝါဆို (wah so) - ရာစု (yar zu)

Loading...

[verse 1]
မိုးအုံ့လို့ သစ်ရွက်ကလေးတွေငြိမ်နေရင်
တိမ်တွေပြိုတော့မှာ ကြိုသိတယ်
ဝါဆိုရယ်သိပ်သတိရမိတယ်

[verse 2]
ပုန်းညက်တို့ရောက်ရှိကြောင်းကိုကြေငြာကာ
ငွေမှုန်ငွေစတွေရွာတော့ကွယ်
ဝါဆိုရယ်သိပ်သတိရမိတယ်

[chorus]
တိုင်းရှစ်ခွင်မှိုင်းညှို့ဆိုင်းကာ မှုန်ရီချယ်
မိုးခြိမ်းသံသဲ့သဲ့ကြားတယ် ဝါဆိုရယ်
မိုးက အရင်တုန်းကအတိုင်း ရွာနေပြီကွယ်
လွမ်းတယ်ဝါဆိုရယ်
မိန်းကလေးရေ မိုးစက်ကလေးတွေငိုနေတယ်
ဒို့မျက်နှာ မိုးစက်ကလေးတွေလာစင်တယ်
ဒို့အဖြစ်ကိုပြောပြပေးပါ ဝါဆိုမိုးရယ်
မိုးတွေရွာနေပြီကွယ်

[verse 3]
တံစက်မြိတ်က သစ်ခွပန်းတွေဝေနေချိန်/ရင်
ပန်ဆင်ခဲ့ဖူးသူကို လွမ်းတယ်
ဝါဆိုရယ်သိပ်သတိရမိတယ်

[verse 4]
ဒို့နှစ်ယောက်စကားပြောခဲ့ကြတဲ့ခရေပင်ခြေ
မြေနီရောင်လမ်းကို ရောက်တိုင်းလေ
ဝါဆိုရယ်သိပ်သတိရမိတယ်
[chorus]
တိုင်းရှစ်ခွင်မှိုင်းညှို့ဆိုင်းကာ မှုန်ရီချယ်
မိုးခြိမ်းသံသဲ့သဲ့ကြားတယ် ဝါဆိုရယ်
မိုးကအရင်တုန်းကအတိုင်း ရွာနေပြီကွယ်
လွမ်းတယ်ဝါဆိုရယ်
မိန်းကလေးရေ မိုးစက်ကလေးတွေငိုနေတယ်
ဒို့မျက်နှာ မိုးစက်ကလေးတွေလာစင်တယ်
ဒို့အဖြစ်ကိုပြောပြပေးပါ ဝါဆိုရယ်
မိုးတွေရွာနေပြီကွယ်

letras aleatórias

MAIS ACESSADOS

Loading...