letra de ကြယ်တံခွန် (kyal-tagon) - eternal gosh!
ကြယ်တံခွန် (kyal-tagon) lyrics
[verse 1]
အဆင်ပြေနေတဲ့သတင်းတွေကို ကြားတော့
မနက်ဖြန်တွေမှာ တွေ့ရဦးမယ်ထင်မိခဲ့တာပေါ့
အချိန်ကို နောက်ပြန်လှည့်လို့ရရင် ဘယ်လောက်ကောင်းမလဲ
[verse 2]
နေဝင်ချိန်ရောက်ခဲ့မယ်မထင်ဘူးပေါ့
ဒီနွေရာသီခရီးထွက်မသွားခင် တွေ့တာနောက်ဆုံးပေါ့
ပြန်လာဦးမလား မင်းကို စောင့်မျှော်နေမိခဲ့
[bridge]
ခွဲခွာခြင်းဆိုတဲ့ ကံတရားတွေထဲ
လူတစ်ယောက်တန်ဖိုးဟာ မရှိချိန်မှနားလည်
[chorus]
မင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူး
ကြယ်တံခွန်လိုမိုးသားထဲခရီးထွက်သွားတော့
တကယ်ဆို
အကောင်းဆုံးပေးဆပ်သွားခဲ့တာပဲ
ကျန်တာတွေအားလုံးနှုတ်ဆက်ထားခဲ့လိုက်တော့
[post-chorus]
သူငယ်ချင်း
[verse 3]
အတူတူဘဝခရီးကြမ်းတွေဖြတ်ဖူးတော့
ဒဏ်ရာကိုယ်စီရူးမိုက်ခြင်းတွေမျှဝေခဲ့ဖူးတော့
ဒီအချိန်မင်းအကြောင်းပြောရင် မင်းကိုသိပ်လွမ်းတယ်
[chorus]
[post-chorus]
[bridge]
[chorus]
မင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူး
အကောင်းဆုံးပေးဆပ်သွားခဲ့တာပဲ
ကြယ်တံခွန်လိုမိုးသားထဲခရီးထွက်သွားတော့
အိမ်မက်တွေထဲ လွမ်းနေမယ်
သူငယ်ချင်း
အဆင်ပြေနေတဲ့သတင်းတွေကို ကြားတော့
မနက်ဖြန်တွေမှာ တွေ့ရဦးမယ်ထင်မိခဲ့တာပေါ့
အချိန်ကို နောက်ပြန်လှည့်လို့ရရင် ဘယ်လောက်ကောင်းမလဲ
letras aleatórias
- absent › letra de wer - absent
- jordan solomon › letra de kylie - jordan solomon
- yet hardcore › letra de misgivings - yet (hardcore)
- loudon wainwright iii › letra de heaven - loudon wainwright iii
- recode the subliminal › letra de abandoned - recode the subliminal
- super junior k r y › letra de 愛,태우다 (shadowless) - super junior k.r.y.
- the queers › letra de i didn't get invited to the prom - the queers
- htweezy › letra de that's me - htweezy
- they › letra de ain't the same - they.
- georgia mass choir › letra de hold on, help is on the way - georgia mass choir