letra de လွမ်းခြင်းဋီကာ - zhané
ဟူးးးး
မင်းကြောင့်ဖြစ်ခဲ့ဒီချစ်ခြင်းတွေ
မင်းကြော့်ဖြစ်ခဲ့ဒီအိမ်မက်တွေထဲ
ကိုယ်ဟာရုန်းထွက်မရ နာကျင်စေလည်း
ငြိတွယ်ဆဲ
မင်းကိုငါ အသက်တမျှချစ်ခဲ့လည်း
ဘာကြောင့်ရာရက်စက်ခဲ့
ငါတို့နှစ်ယောက်ရဲ့အနာဂတ်အိမ်ငယ်လေး
ဟာလည်းလဲပြိုပျက်စီးခဲ့
မတည်မြဲခြင်းတရားဆိုတာဒါလားပြောပါ
အတူရှိခဲ့ကြဖူးတဲ့နေ့လေးများဟာ ကိုယ်တွက်
အဖိုးမဖြတ်နိုင်တဲ့လောကနိဗ္ဗာန်လေး
သစ်ရွက်ကလေးတို့
ကြွေနေချိန်လည်းကိုယ်လွမ်းတယ်
ကော်ဖီခွက်လေးဟာအေးစက်သွားလည်း
ကိုယ်လွမ်းတယ် ရာသီအလီလီပြောင်းလဲလည်း
ကိုယ်ဟာလွမ်းမြဲလွမ်းနေဆဲ
ကိုယ်ရဲ့ကြင်နာခြင်းတို့မင်းပစ်ခွာ
တစ်ခြားတစ်ယောက်ရင်မှာ ပျော်နေလည်း
ချစ်ဆဲမို့ခက်တယ် ဒါဟာ မင်းတွက်ရည်ရွယ်
ကိုယ်ရဲ့လွမ်းခြင်းဋီကာပါ
အချစ်တွေဟာအလွမ်းများအဖြစ်ပြောင်းလဲသွား
ခဏတာအချစ်တွေပေးခဲ့တဲ့မင်းကို
ကိုယ်ဟာ တစ်ဘဝစာ စွဲလမ်းလို့နေတယ်
နာရီစက်ဝန်းများမရပ်တန့်သ၍
အရာရာပြောင်းလဲလို့ ဟောင်းနွမ်းသွားပါစေ
ကိုယ်ဟာ မင်းကိုအမြဲတမ်းချစ်နေမယ်
အမြဲတမ်းအမြဲတမ်းလွမ်းနေမယ်
အမှတ်တမဲ့တစ်ချို့ဟာအမှတ်တရများဖြစ်လား
ရင်မှာအလွမ်းများတိုးလို့နှိပ်စက်နေဆဲပါ
ပြန်လာနိုးနိုး ကိုယ်ဟာစောင့်မျှော်နေမိဆဲရက်ပေါင်းများစွာ
သစ်ရွက်ကလေးတို့
ကြွေနေချိန်လည်းကိုယ်လွမ်းတယ်
ကော်ဖီခွက်လေးဟာအေးစက်သွားလည်း
ကိုယ်လွမ်းတယ် ရာသီအလီလီပြောင်းလဲလည်း
ကိုယ်ဟာလွမ်းမြဲလွမ်းနေဆဲ
ကိုယ်ရဲ့ကြင်နာခြင်းတို့မင်းပစ်ခွာ
တစ်ခြားတစ်ယောက်ရင်မှာ ပျော်နေလည်း
ချစ်ဆဲမို့ခက်တယ် ဒါဟာ မင်းတွက်ရည်ရွယ်
ကိုယ်ရဲ့လွမ်းခြင်းဋီကာပါ
အို လွမ်းခြင်း လွမ်းခြင်းဋီကာ
အို လွမ်းခြင်း လွမ်းခြင်းကြောင်းများပြည့်နက်နေတဲ့ကဗျာ
အိုလွမ်းခြင်း လွမ်းခြင်း မင်းကိုလွမ်းကြောင်းသိစေချင်တာ
letras aleatórias
- letra de a sua voz - affonsinho
- letra de ich bin im club - cro
- letra de never been - lil stars
- letra de девочку несёт (devochku nesot) - grivina
- letra de cigarette de joie - infinit'
- letra de holdudown - rise
- letra de perfect day - wander b.
- letra de figure it out - miccy
- letra de straight rhymes remix - zxk
- letra de ignorancia - zona ganjah