
letra de ma chit thint tae luu - ယွန်းမြတ်သူ (yoon-myat-thu)
မင်း ချစ်တယ်ဆိုငါ ရီချင်တာပေါ့
မင်း လွမ်းတယ်ဆိုငါ ရီချင်တာပေါ့
ပေ၁၀၀လောက် မင်းအတွက်မေတ္တာတွေပေးလဲ
နင်၁လက်မလောက် ငါ့ကိုမလွမ်း
မင်း ပြုံးမယ်ဆို ငါပျော်တာပေါ့
အစားထိုးမယ်ဆိုငါ ဗွေမယူပါနော်
အိမ်စာမလုပ်ခဲ့တဲ့ကလေးလို မင်းမှာ
ဆင်ခြေအကောင်းဆုံးတော့ ရှိမှာပါ
မချစ်သင့်တဲ့လူထဲ နင်ထိပ်ဆုံးက
မလွမ်းသင့်တဲ့လူထဲ နင်ထိပ်ဆုံးမှာ
ဟိုအရင်ချိန်က
ခွင့်လွှတ်ပေးခဲ့ဖူးတာ မေ့ထားပါ
ရေပေါ်မှာရေးဆွဲတဲ့ အရုပ်မဟုတ်ဘူးငါ
မလွမ်းသင့်တဲ့လူထဲ နင်ထိပ်ဆုံးက
မချစ်သင့်တဲ့လူထဲ နင်ထိပ်ဆုံးမှာ
အရိုသေမဲ့သောအချစ်၁ခုကိုမနှမျောပါ
ပြန်ဆုံနိုင်ဖို့ လုံး ဝ မဖြစ် နိုင်ပါ
ဘယ်လိုအကြောင်းပြချက်နဲ့ လမ်းခွဲတာလဲ
မင်းနဲ့ပတ်သတ်သမျှတွေက နာကျင်စရာမို့
မင်းဘေးကမင်းလို$ကျင့်နဲ့
အပေါင်းအသင်းတွေအားလုံးကို ဆရာတင်တာဆိုး
နင့်အပေါ်မှာပေးဆပ်ခဲ့တဲ့ လူကိုမှကွာ
ခါးခါးသီးသီးပစ်ခွာ ဖလာမြင်လာလို့
ညဘက်ကြီး၁နာရီလောက်ဖုန်းမအားတာ
သူငယ်ချင်းဆီကလို့ ညာချင်တာမျိုး
ရွှေနဖူးစာ နက္ခတ်ကလွဲ! လွဲပီးရင်း
လွဲနေသော အလွဲများနဲ့ သံသရာ
လူဆိုတဲ့သတ္တဝါက ကိုယ့်အပေါ်
မကောင်းတဲ့သူကိုမှ အစွဲများနဲ့ခန္ဓာ
ကျုပ်ကိုသာအချစ်ဆုံးဆို ကျုပ်ကလွဲရင်
ဖွဲ နဲ့ ဆန်ကွဲ များပဲ ကျန်တာ
ကျောက်မြောင်းဘက်က အုံးခနဲအသံကြားရင်
မလန့်ပါနဲ့ ကျုပ်အသဲကွဲကျတဲ့အသံပါ
ထမင်းဘယ်နှလုပ်စားလဲကအစ
ဘယ်သွားတယ် ဘာလုပ်တယ် သံတော်ဦး တင်ခဲ့တာ
မင်းကတော့ ငါ့ကိုဆို ဘာမှအသိမပေးပဲနဲ့
အ ပျော် ကျူး ချင်ဆဲပါ
ငါနဲ့တွဲတော့မှ မရင့်ကျက်သေး
ရေသန့်ဗူး အဖုံးလေးတောင်
မဖွင့်တတ်တဲ့ ကလေးအထာ
အခုကျမှ အဆင့်တက် အသဲနှလုံးကို
ဟောင်းလောင်းပေါက် ဖြစ်သွားအောင်
ပွင့်ထွက် အကျင့်ပျက်တဲ့ player
အကျင့် အကျင့် အကျင့်ပျက်တဲ့ player
မချစ်သင့်တဲ့လူထဲ နင်ထိပ်ဆုံးက
မလွမ်းသင့်တဲ့လူထဲ နင်ထိပ်ဆုံးမှာ
ဟိုအရင်ချိန်က
ခွင့်လွှတ်ပေးခဲ့ဖူးတာ မေ့ထားပါ
ရေပေါ်မှာရေးဆွဲတဲ့ အရုပ်မဟုတ်ဘူးငါ
မလွမ်းသင့်တဲ့လူထဲ နင်ထိပ်ဆုံးက
မချစ်သင့်တဲ့လူထဲ နင်ထိပ်ဆုံးမှာ
အရိုသေမဲ့သောအချစ်၁ခုကိုမနှမျောပါ
ပြန်ဆုံနိုင်ဖို့ လုံး ဝ မဖြစ် နိုင်ပါ
အစပိုင်းကတော့ ချစ်ပြလိုက်တာ
အတူတူရှိနေရရင်ကို ခွေးဖြစ်ပျော်ပါသည်
ဆိုပြီး…အရူးအမူးတွေဖြစ်
အခု…တော့ ဘေးနားမှာ သူဌေးအစစ် ပေါ်လာပြီ
နောက်ပိုင်း အကြောင်းရှာဖြတ် yoh
နှစ်ယောက်အတူတူ ၄နှစ်ကျော်ကြာသည့်
သံယောဇဥ်တွေကို ၄မိနစ်နဲ့ဖျောက်သွားတဲ့
မှော်ဆရာမကြီး ဒေးဗစ်ကော်ပါဖီး
ငါက မင်းနန္ဒာ မဖြစ်ခဲ့တာပါ
နင်က ရှင်မွေးလွန်း ဟဲ့
ငါနဲ့ တွဲလို့ သူများတွေ အထင်သေးပြီး
ကဲ့ရဲ့မှာ နင်က ရင်လေးလွန်း omm
ငါ့ကို ဟိုး…ချောက်ကမ်းပါးကြီးထဲကို
နင် ပြေး တွန်း လဲ
စိုးရိမ်တယ် ဘယ်သူနဲ့အိပ်အိပ်
ကုတင်ဘေးအစွန်းမှာ ခြင်ဆေးထွန်း
လိုက်လေဝေးလေ အဲ့ဒီ့အခြေနေ၁ခု
မလွမ်းသင့်တော့ ဘာမှမတွေဝေဘူး
clubတွေ barတွေ သွားပြီး
အသေ အကြေ မူးနေတဲ့
အပေအတေ လူတစ်စုနဲ့ ကေတွေ
ငါရဲ့လေးနက်ခြင်းတွေနဲ့ ပေးဆပ်ခြင်းတွေကို
ခွေးဇာတ်ခင်းရတာ ပျော်လား
အိမ်နီးချင်း မိတ်ဆွေဆိုပြီးတော့
လိမ်ပြီး မင်းအိပ်နေ
သည်းခံခြင်းတွေကိုစော်ကား တော်ကွာ
လှောင်အိမ်မှာ အတောင်ကျိုးထားတဲ့ ငှက်ပမာ
ငါဆိုတာ ရှင်လျက် သေမဲ့ ဘဝ
နာရီမှာ ဓာတ်ခဲ မရှိတော့တဲ့ ပမာ
မဖြစ်ချင်ဘူး ငါ မဖြစ် သင့်ဘူး…
မချစ်သင့်တဲ့လူထဲ နင်ထိပ်ဆုံးက
မလွမ်းသင့်တဲ့လူထဲ နင်ထိပ်ဆုံးမှာ
ဟိုအရင်ချိန်က
ခွင့်လွှတ်ပေးခဲ့ဖူးတာ မေ့ထားပါ
ရေပေါ်မှာရေးဆွဲတဲ့ အရုပ်မဟုတ်ဘူးငါ
မလွမ်းသင့်တဲ့လူထဲ နင်ထိပ်ဆုံးက
မချစ်သင့်တဲ့လူထဲ နင်ထိပ်ဆုံးမှာ
အရိုသေမဲ့သောအချစ်၁ခုကိုမနှမျောပါ
ပြန်ဆုံနိုင်ဖို့ လုံး ဝ မဖြစ် နိုင်ပါ
letras aleatórias
- letra de let go - album ver - the national bank
- letra de mountain high - lenny harold
- letra de mama told me - the main squeeze
- letra de nate the warlock *freestyle* - nate the warlock
- letra de who’s gonna save us - hyde
- letra de wash me away - bloodshot
- letra de maybe i didn't feel a thing - dear you
- letra de fortress and friend - upperroom
- letra de welcome to the circus - k-rino
- letra de mon fils - elams