
letra de why? - jerrieboo
[verse 1]
အတိတ်ကအကြောင်းတွေမေ့ပစ်လိုက်
ကိုယ့်ဘဝလေးကိုယ်ဆက်လျှောက်လိုက်
အတူတူရှိခဲ့ဖူးတဲ့နေ့တွေ
ငါတို့ပေးခဲ့ဖူးတဲ့ကတိတွေအကုန်မေ့လိုက်
[verse 2]
မျက်နှာများတဲ့စည်းများနဲ့
ခက်ခဲတွေများစွာခြားထားလဲ
တကယ်သာတို့နှစ်ယောက်ချစ်ခဲ့ကြရင်
ဒီလိုဝေးသွားဖို့လည်းမဖြစ်နိုင်တာသိလိုက်
[pre-chorus]
အချိန်တွေမြန်မြန်ကုန်သွားမလား
မမြင်တာကြာလေပိုဝေးသွား
ငါရှိတဲ့အရပ်ကိုကျောခိုင်း
မင်းစိတ်ရဲ့အလိုအတိုင်း
[chorus]
why didn’t we know couldn’t keep going
further?
ရာသီတွေပြောင်းလည်းနေ့ရက်တိုင်းမှာ
အမှတ်ရနေဆဲပေါ့
အရာရာပြိုလဲသွားတဲ့ငါ့အိပ်မက်တွေ
ဘာလုပ်ရမှာလဲပြော
why couldn’t we stop falling onto each
other?
မတော်တဆလေးများတောင်ထပ်တွေ့ခဲ့ရင်
နှုတ်မဆက်ပါနဲ့တော့
နင်လိုချင်တဲ့အတိုင်းပဲဝေးသွားတဲ့အခါ
ပျော်သလိုနေပါတော့
[verse 3]
ပြတ်တောက်သွားတဲ့ကြိုးများရယ်
အတ္တတရားတွေနဲ့ဆေးခြယ်
အရောင်တဖြည်းဖြည်းလွင့်လို့သွားလည်း
တစ်ချိန်ကရင်းနှီးပတ်သက်ခဲ့ကြတဲ့သူစိမ်းများ
[pre-chorus]
အချိန်တွေမြန်မြန်ကုန်သွားမလား
မမြင်တာကြာလေပိုဝေးသွား
ငါရှိတဲ့အရပ်ကိုကျောခိုင်း
မင်းစိတ်ရဲ့အလိုအတိုင်း
[chorus]
why didn’t we know couldn’t keep going
further?
ရာသီတွေပြောင်းလည်းနေ့ရက်တိုင်းမှာ
အမှတ်ရနေဆဲပေါ့
အရာရာပြိုလဲသွားတဲ့ငါ့အိပ်မက်တွေ
ဘာလုပ်ရမှာလဲပြော
why couldn’t we stop falling onto each
other?
မတော်တဆလေးများတောင်ထပ်တွေ့ခဲ့ရင်
နှုတ်မဆက်ပါနဲ့တော့
နင်လိုချင်တဲ့အတိုင်းပဲဝေးသွားတဲ့အခါ
ပျော်သလိုနေပါတော့
[outro]
အတိတ်ကအကြောင်းတွေမေ့ပစ်လိုက်
ကိုယ့်ဘဝလေးကိုယ်ဆက်လျှောက်လိုက်
တကယ်သာတို့နှစ်ယောက်ချစ်ခဲ့ကြရင်
ဒီလိုဝေးသွားဖို့လည်းမဖြစ်နိုင်တာသိလိုက်
letras aleatórias
- letra de different class, same boat - powfu
- letra de should be (freestyle) - arkh zeus
- letra de vazio - marinas found
- letra de align - sariyah
- letra de monarchs in riverbeds - fouad dakwar
- letra de fuckin' party - lil wanker
- letra de bundesland - bausa
- letra de oneoneone - ace tha mal1ce
- letra de i must be - 607
- letra de like that - dez 44