
letra de taooka myittar - taooka saytanar - bigg-y of on track
နိုင်ထက်စီးနင်း အနိုင်ကျင့်မှုတွေအပြည့်နဲ့ လူ့ဘဝ
အထက်ကနေ အောက်ကို ထုချ
အောက်မှာ အထုခံတဲ့ လူတွေသာ မရှုမလှ
အများအမြင်တွေ အပထား မတရားတဲ့ဟာ
တစ်ခုကို မျက်စိရှေ့မှာ တွေ့ရင် များတာ
တရားတယ်လို့ ပြောရင် တရားထင်လို့ရမလား
တရားဆိုတဲ့ ကိစ္စ ဘုရားစင်ပေါ်မှာထား
အသိုင်းဝိုင်းက သွေးထိုးလို့ မြှောက်ပင့်
အသက်ရွယ်နဲ့မလိုက်ဖက်အောင် အတွေးမျိုးစုံ လျှောက်တွေး
လောင်းရိပ်မှ ကြေးမျိုးစုံ လျှောက်တွေ့
လူ့ဘောင်နဲ့ အဝေးဆုံးကို ရောက်နေ
ဒါပေမယ့်လည်း စောဒကတော့ မတက်သေး
အမှန်တရားတိုင်း ပြောရတာ ခက်သရွေ့
ခံစားလိုက် လောကကို လက်တွေ့
အကြံသမားတိုင်း လောဘအရှိန်မသတ်သရွေ့
ဆက်သွားမယ် ဒုံရင်းက ဒုံရင်း
ပြဿနာရဲ့ အနားမှာမနေချင်ဘူး
အကုန်ရှင်းကာ ခုန်ဆင်း
ပတ်ဝန်းကျင် သွေးထိုးတိုင်း သေချာစဉ်းစားဦး
ယုံသင့်လား မယုံသင့်
ပယောဂတွေ အုံပွင့်ကာ တုံဆင်း
တပည့်မွေးပြီး လက်သွေးမယ် ယုံသွင်းမလား ပုံသွင်း
ဆရာကြီးဖြစ်တော့မှ အပြစ်ကင်းမှာလား
ယုတ်မာမှုတွေ အကုန်ကင်းကွာ ယုံနှင့်
တစ်ဦးက မေတ္တာ တစ်ဦးက စေတနာ
ဇာတ်ဝင်ခန်းမှ
ကျော်ဟိန်း
“ပုံပန်းကြည့်ရတာ ငွေထွက်မယ့်
ကောင်စား မဟုတ်ပါဘူးကွာ”
ကောလိပ်ဂျင်နေဝင်း
“အို လက်ဖက်ရည်ဖိုး ရရပေါ့ကွာ
တို့ ထမင်းမှ မစားရသေးပဲ”
ဓားပြ
“ဒီမှာ ပါတာအကုန်ထုတ်လိုက်စမ်း”
ကျော်ဟိန်း
“မင်းတို့ ရန်ကုန်က လုစားတဲ့ကောင်တွေက
သားသားနားနားပါပဲလားကွ”
ဓားပြ
“ဟေ့ကောင် ရှည်မနေနဲ့ ပါတာပေး”
ကျော်ဟိန်း
“ငါ့မှာ ပါတာပေးရင် ယူမလား ဟားဟား
ပြားခြောက်ဆယ်ပဲရှိတယ်”
ဓားပြ
“ဟေ့ကောင် မင်း တယ်လူပါးဝပါလား”
ကျော်ဟိန်း
“ကိုယ့်လူကလည်း လက်လွန်ပါ့မယ်
ဖြည်းဖြည်းပေါ့ ကျုပ် ပါတာပေးဆိုလည်း
ပေးပါ့မယ်ဗျာ”
ထို့နောက် ကျော်ဟိန်းမှ ဓားပြများကို
သင်ခန်းစားပေးပြီး ဓားပြပြန်တိုက်လေသည်
ကျော်ဟိန်း
“ကဲ ရှည်ရှည်ဝေးဝေး လုပ်မနေနဲ့
မင်းတို့မှာ ပါတာ ပေးခဲ့စမ်း
ငါ ထမင်းမစားရသေးဘူး”
letras aleatórias
- letra de dada - roms
- letra de vete mejor es asi - o.n.a. (zespół rockowy)
- letra de le c - amir
- letra de changes - dee castro
- letra de pasajes de la vida - grupo codiciado
- letra de holy water - jay wood
- letra de unstoppable - rustage
- letra de company - dave b
- letra de thunderball fists - colliding with mars
- letra de '''corre''' - liz kaweria