letra de သေမလိုပဲ - adjustor
ဟောင်းနွမ်းသွားတဲ့
မင်းရဲ့ ဓာတ်ပုံလေးဟာ
ကို့ပိုက်ဆံအိတ်ထဲအရင်လိုပါ
အေးချမ်းလွန်းတဲ့
မင်းရဲ့ မျက်နှာလေးတွေးမိတဲ့အခါ
ခဏလောက်တွေ့ချင်လိုက်တာ
ခြောက်သွေ့တိတ်ဆိတ်လွန်းတဲ့
ကိုယ့်နေ့ရက်များမှာ အမှန်တကယ်
အတိတ်မေ့သွားရင်ကောင်းမှာ
နားလည်မှုတွေနဲ့
တို့တည်ဆောက်ထားတဲ့ဘဝဟာ
အချိန်ရယ် တိုတောင်းလွန်းလိုက်တာ
ငြင်သာစွာပြုံးပြတတ်တဲ့နှုတ်ခမ်းပါးက
အမုန်းစကားဆိုတဲ့အခါ ခုံမင်စွာ
ဖမ်းဆုတ်ခဲ့တဲ့ လက်ဖဝါးလေးနဲ့ တွန်းဖယ်
ထွက်ပြေးသွား၊ တစ်နေ့နေ့တော့
မေ့နိုင်မယ် ထင်ခဲ့တာ
ရာသီစက်ဝိုင်းတွေအဆုံးသတ်မှာ
ဒီနေ့မနက်ကောဖြစ်နိုင်မလား
ရင်ဘတ်ထဲက ငြင်းမြဲပါ၊
ဒီလိုသာလုံးပါးပါးရင်း သံသရာလည်
ရစ်ပတ်တဲ့ကြိုးလေးတွေကို
ချစ်မိနေ ကို့အနာဂတ်ဟာ
အဓိပ္ပါယ်မရှိတာ မင်းပဲအသိဆုံးပါ
ကို့အသက်ရဲ့ မှီတည်ရာ
မင်းအပြုံးလို့ ဖြေဆိုမယ်
ဘယ်လွယ်ပါ့မလည်း
အသည်းလေးရယ် သေမလိုပဲ
သိရဲ့လားကွယ် နောင်ဘဝများ
ရှိခဲ့ပါရင်ကွယ် မင်းအနားပဲနေလိုတယ်
ဘယ်လွယ်ပါ့မလည်း
အသည်းလေးရယ် သေမလိုပဲ သိရဲ့သားနဲ့
မင်းရဲ့အချစ်ကို အလေးထားပြီးကိုးကွယ်
အရာရာကိုငါစွန့်ပယ်ခဲ့
အဆုံးသတ်ရွေးချယ်မှု ငါမဖြစ်ခဲ့တော့
ဘယ်အရာကို ငါဖက်တွယ် မလည်း၊
မြက်ခင်းစိမ်းလေးဟာ မင်းနင်းလျှောက်
ဖို့အတွက်ကို သီးသန့်ဖြစ်တည်ခဲ့တာ၊
နှင်းစင်လေးများ စိုနေတယ့်
အိုသစ်ရွက်လေးများဟာ
နင်မရှိတော့တဲ့ နေ့တွေမှ
ာ အလိုလို ငြှိုးနွမ်းခြောက်သွေ့သွား
ကွဲအက်ကြေမွခဲ့ စိတ်ဒဏ်ရာ
ငါ့အခန်းတံခါး လေးပိတ်ထားမှာ
ရင်ခွင်ထဲတိုးဝှေ့ခဲ့တဲ့ မင်းမျက်ဝန်းရဲ့အရိပ်
နာကျင်ဆဲနှလုံးသားအတွက်တော့
ဖြေဆေးမရှိတဲ့အဆိပ် အိပ်စက်ခွင့်ပေးပါ
ဒီဆောင်းညတွေမှာ
အမှောင်ဆုံးနေ့ရက်များ လွန်တဲ့အခါ
တို့နှစ်ယောက်တွေ့နိုင်မလား
ကို့အသက်ရဲ့ မှီတည်ရာ
မင်းအပြုံးလို့ ဖြေဆိုမယ်
ဘယ်လွယ်ပါ့မလည်း
အသည်းလေးရယ် သေမလိုပဲ
သိရဲ့လားကွယ် နောင်ဘဝများ ရှိခဲ့ပါရင်ကွယ်
မင်းအနားပဲနေလိုတယ်
ဘယ်လွယ်ပါ့မလည်းအသည်းလေးရယ်
သေမလိုပဲ သိရဲ့လား ….
letras aleatórias
- letra de about the money (remix) - fran lauren & virtual money
- letra de givin grace (25 wives freestyle) - g'neaux (wise g)
- letra de it must have been love - royal philharmonic orchestra
- letra de bad people burn in hell - criss
- letra de shut up - v a s s h
- letra de creature - penny & sparrow
- letra de guddommelig inngripen - tøyen holding
- letra de almost nothing - trial of the golden witch
- letra de ik hou van jou - sxteen
- letra de if this is goodbye - mark knopfler & emmylou harris