letras.top
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

letra de steps - ေျခလွမ္းမ်ား - the phosphorap

Loading...

ေျခလွမ္းမ်ား

[zawgyi version]

[verse 1: yazarmyothank]
မတပ္မက္သင့္တဲ့ အရာကို တပ္မက္ခဲ့
ရမၼက္မီးေတြ ေတာက္ေလာင္တာ အဆက္မျပတ္ပဲ
အကန္႔သတ္မဲ့ အေတြးဟာ စိတ္႐ိုင္းအတူတူ ျဖန္႔က်က္ခဲ့
ေဝဒနာ ဒဏ္ရာက နက္နဲ ေနာက္ဆုတ္ဖို႔ ခက္ခဲ
ထိန္းမရပ်က္ဆဲ နာရီသံတခ်က္ခ်က္နဲ႔
အခ်ိန္သာကုန္လာ အျမတ္မထြက္ခဲ့
ပတ္သတ္ခဲ့တဲ့ အမွားေတြအားလုံး အထပ္ထပ္လြဲ
တစ္စစီ ဆုတ္ၿပဲေန စိတ္ကူးဟာ
စကၠဴစုတ္လို အဆက္အစပ္မဲ့
အေရွ႕လား အေနာက္လား ေတာင္လား ေျမာက္လား
ေျခဦးတည့္ရာကို ေလွ်ာက္သြားမိ
ဒီအရာေတြ ေမွာက္မွားတဲ့အခါ
ရည္မွန္းခ်က္လည္း ေပ်ာက္သြားၿပီ
အႏၲရာယ္ေတြ အိတ္ထဲေခါက္ထားၿပီး
အေၾကာက္တရားမရွိ ေနာင္တမသိ
ျပသနာေတြ အေျမာက္အမ်ား ရွိလာေတာ့
ဘဝက ရႈံးထြက္ပြဲ အမွန္အမွားမသုံးပဲ
အမွန္ကိုမႀကိဳက္ အမွားကိုလိုက္မိုက္ရင္
ဒုကၡဆိုတာ မင္းအတြက္ အဆုံးသတ္ပဲ
မ်က္လုံးေတြ ရဲ႕ ေအာက္
အမွားကိုကြယ္ကာ ဖုံးေနလည္းမေပ်ာက္
ေမးခြန္းမ်ားအတြက္ အေျဖမရွိ
စကားလုံးေတြကလည္း အၿမဲေပ်ာက္
ကိေလသာ နဲ႔ အသိေတြဟာ
အင္းအားေတြ ယွဥ္ၿပိဳင္႐ုန္းရင္း
တိုက္ပြဲေတြၾကားမွာ ေလာကပါလတရား
က်ရႈံးျခင္း
ေသာကပါဒမ်ား အလုံးအရင္းလာ
အာဏာသိမ္း စနစ္မ်ားလာထိန္း
ေဝဖန္ခြဲျခားျခင္း ဦးေႏွာက္စနစ္ အလစ္ကို
ေခ်ာင္းလုပ္ႀကံၿပီး ေသနတ္ေမာင္းခလုတ္ျဖဳတ္ခါနီး
အသတ္တစ္ေခ်ာင္းႏႈတ္သလို အၿပီးသတ္
သုႆာန္အထိ ခရီးဆက္
မဟုတ္မမွန္သည္အတြက္ ငုံ႔ခံၿပီးမရပ္
တုံျပန္သည္ အခ်က္မ်ားကို
သ႐ုပ္မွန္ အျဖစ္ျပန္ တည္းျဖတ္
အမွန္းတရားရဲ႕ မွာတမ္းကို အခ်ိန္မ်ားက
ထုတ္ျပန္မည့္အတြက္
နာရီလက္တံ အခ်ိန္မွန္ေအာင္
သံပတ္ေပးဖို႔သာ ခလုတ္ျပန္ညႇိလ်က္

[ chorus ]
အဆုံးထိေလွ်ာက္မွာလား အဲ့အထိေကာ ေရာက္ပါ့မလား
(ခရီးအဆုံးမွာ ဘာရွိလည္း သိခ်င္ေတာ့
ဆက္ၿပီးေလွ်ာက္ သာသြား/ ေနာင္တေတြႀကဳံမယ္
အေသအခ်ာကို ေျပာထားလည္း မင္းက မေၾကာက္ပါလား)
အဆုံးထိေလွ်ာက္မွာပါ အဲ့အထိလည္း ေရာက္မွာပါ
(ခရီးအဆုံးကိုေရာက္တဲ့အထိ ေနာက္လွည့္မၾကည့္ပဲ
ဆက္ေလွ်ာက္မွာပါေနာင္တသည္ေနာင္မွမို႔ ေရွာင္မရလို႔
အမွားေတြၾကားထဲ ေလွ်ာက္လာတာ)

[verse 2: lu-g]
ငရဲကိုေရာက္ဖို႔ဆို လိုေသးတယ္
အေဝးႀကီးေၾကာက္မေနနဲ႔ ေတြးၿပီး
အမွန္တယ္ ဇ ရွိရင္စိတ္ႀကိဳက္ျဖဳတ္
money အေရးႀကီးဆုံးပဲ…ဘဝမွာ
ႂကြက္တစ္ေကာင္လို ညည့္အေမွာင္ထဲမွာသြားလာ
ခက္ထန္စြာၿပဳံးျပခဲ့ အ႐ူးတစ္ေယာက္လို
လမ္းႀကိဳလမ္းမ်ားၾကားမွာ
အလစ္မသုတ္ပဲ အသစ္လုပ္
စိတ္ခႏၶာကိုယ္ ႏွစ္ျမႇပ္ရွာ
အစစ္ထုတ္ ဒါဆို auto
မင္းအျပစ္လုပ္တာ
အဲ့ အဆုံးမသိတဲ့လမ္းက မင္း႐ုန္းၿပီးအျမန္
run ဖို႔မလို မ်က္ႏွာဖုံးနဲ႔ လူေတြအတြက္ေတာ့
အမုန္းမီးလွ်ံပန္းတို႔ၿမိဳ
ဥာဏ္ကိုဆင္ျခင္ၿပီး အမွန္ဆိုမျမင္ခ်င္ေယာင္ေဆာင္ထား
ခရီးအဆုံးကို ေရာက္ဖို႔အခ်ိန္ေနာက္က်ရင္ ရမွာ
မင္းသိပ္ေၾကာက္တဲ့ ေနာင္တေတြအျပည့္နဲ႔
ေမွာင္မွိက္ခ်ိန္ ဘဝအလင္းေတြလာၿပီး
ႀကီးစိုးရင္ မီးသၿဂိဳလ္စက္ေခါင္းတိုင္ကထြက္
ေကာင္းကင္မွာ မီးခိုးအသြင္းဆိုတာ
သိဖို႔အရင္လက္ခံ မေသခ်ာတာမနက္ျဖန္
ေသဆုံးၿပီးေနာက္လူတိုင္း တစ္ေခါက္ျပန္
ၾကည့္ခြင့္မရွိေတာ့တဲ့ မွန္
တရားေသာအမွန္ ကိုဖုံးကြယ္ထားတာ
မတရားေသာ အႀကံ
ပိုက္ဆံနဲ႔ပါးစပ္ကို ပိတ္လိုက္
အဲ့လူေတြမမွားေတာ့ျပန္
ဘာလုပ္မွာလဲ တက္ႂကြေနရမယ္
လူငယ္မင္း မူးယစ္ေဆးသုံး
အပ်င္းေျပ ေလာင္းကစား
အႏိုင္အရႈံးေတြထားလိုက္ေနာက္မွ
အဆုံးနိဂုံးေတြလည္းမလွ
အစတည္းက အရႈံးေတြျပ
အမုန္းေတြမပြားပဲ တစ္ေနကုန္႐ုန္းေနရတဲ့
နာမည္အသုံးေတြမက်
အျပစ္ဒဏ္ေတြခံရဖူး၏
အျဖစ္မွန္ေတြျပန္မလာ
အခ်စ္ခံလူရင္ဘတ္ အမုန္းလက္နက္
ဗုံးတပ္ရင္နာလာ
အိမ္မလြမ္းပဲေနမွာလား
လမ္းလြဲေတြေရာက္ေနတာ အရမ္း
အမွန္ဆိုတာနဲ႔ လဲၿပီး
ပန္းတိုင္အမွားႀကီးသို႔ ေရာက္ပါေစကြာ မဆန္း
[ chorus ]
အဆုံးထိေလွ်ာက္မွာလား အဲ့အထိေကာ ေရာက္ပါ့မလား
ခရီးအဆုံးမွာ ဘာရွိလည္း သိခ်င္ေတာ့
ဆက္ၿပီးေလွ်ာက္ သာသြား
အဆုံးထိေလွ်ာက္မွာပါ အဲ့အထိလည္း ေရာက္မွာပါ
ခရီးအဆုံးကိုေရာက္တဲ့အထိ ေနာက္လွည့္မၾကည့္ပဲ
ဆက္ေလွ်ာက္မွာပါ)
(အဆုံးထိေလွ်ာက္မွာလား အဲ့အထိေကာ ေရာက္ပါ့မလား
ေနာင္တေတြႀကဳံမယ္ အေသအခ်ာကို ေျပာထားလည္း
မင္းက မေၾကာက္ပါလား
အဆုံးထိေလွ်ာက္မွာပါ အဲ့အထိလည္း ေရာက္မွာပါ
ေနာင္တသည္ေနာင္မွမို႔ ေရွာင္မရလို႔
အမွားေတြၾကားထဲ ေလွ်ာက္လာတာ)

[verse 2: kayarr]
ဆက္ေလွ်ာက္တာက ေလွ်ာက္ရမွာ
ေပ်ာက္တာကလည္း ေပ်ာက္ေနတုန္း
ဘယ္အခ်ိန္မွ ကိုယ့္ေရွ႕ေမွာက္
ျဗဳန္းဆို ေပၚလာေလ ဦးမလဲ
အရႈံးထဲေတာ့ မဆုံးနဲ႔
ဒီကုန္း ဘယ္ေလာက္ပဲ ခုံးလည္း
အခုံးတစ္ဖက္မွာ ဆင္ေျခေလွ်ာဟာ
မမုန္းဖြယ္ ပုန္းကြယ္
ကိုယ့္လက္ေမာင္းကိုယ္ ေခါင္းအုံးတုန္း
ျမင္ရတဲ့ေကာင္းကင္မွ ၾကယ္စင္တို႔ဟာ
ၿပဳံးစဖြယ္ အေရာင္မွိန္ပေစဦးကြယ္
ဤဘဝရဲ႕ဒီညမယ္ ဆက္လင္းေနတုန္းပဲ
ဘယ္လိုလူေတြကမ်ား ၾကယ္ေတြကိုမုန္းမလဲ
ေအာ္… ျမင္ရတဲ့ ၾကယ္ေတြက
ကိုယ္ပဲသိတဲ့ကိုယ္ရဲ႕ပီတိလို မွိန္ပ်ပ်ေပမယ့္
ၾကည့္ႏူးလို႔ ဂြမ္းဆီထိသမို႔
တစ္ကိုယ္တည္း ေက်နပ္
ေမးခြန္းေတြဆို အတိအက်မေျဖတတ္
ငါသိတဲ့ ငါရဲ႕အခ်က္အလက္ ငါ့အတြက္
ဘဝကို သဘာဝအေလွ်ာက္ ဆားပဲခတ္
ဒီေန႔တစ္ရက္က ငါ့ဆီကငါထပ္ရတဲ့
အခြင့္အေရးတစ္ရပ္
လြတ္လပ္စြာ ငါခ်ီတတ္
႐ြတ္ဖတ္စရာကို ညီၫြတ္ေအာင္
စီကပ္ မပ်က္ ရည္႐ြယ္ခ်က္
ခက္ေနခဲ့ ခက္ေနတုန္း ခက္ေနဦးမွာ
သို႔ေသာ္ျငား စကားလုံးရွာရတဲ့ ဘဝကိုမမုန္းပါ
တစ္လုံးနဲ႔တစ္လုံးၾကား ဆက္ကာထုံးထား
အမ်က္အကာ ဖုံးမသြားပဲ
က်ဳပ္အထာ ေပြ႕ပိုက္ထားတာ တခုတ္တရ
စိတ္သဏၭာန္ကို ပုဂၢလဓိဌာန္ မစိုေအာင္ ႀကိဳးစားဆဲ
မွန္တယ္ဆိုတာ ဘယ္လိုမ်ိဳးမ်ားလဲ
အားလုံးကိုမိုးထားတဲ့ မိုးသားလည္း ထာဝစဥ္မျပာ
တစ္ခါတစ္ အၿငိဳးမ်ားနဲ႔ မႈိင္းကာ မာခ်င္မာေနတာ….

[ chorus ]
အဆုံးထိေလွ်ာက္မွာလား အဲ့အထိေကာ ေရာက္ပါ့မလား
ခရီးအဆုံးမွာ ဘာရွိလည္း သိခ်င္ေတာ့
ဆက္ၿပီးေလွ်ာက္ သာသြား
အဆုံးထိေလွ်ာက္မွာပါ အဲ့အထိလည္း ေရာက္မွာပါ
ခရီးအဆုံးကိုေရာက္တဲ့အထိ ေနာက္လွည့္မၾကည့္ပဲ
ဆက္ေလွ်ာက္မွာပါ
အဆုံးထိေလွ်ာက္တဲ့အခါ အၿပဳံးေတာ့မေပ်ာက္ကြာ
ငါ့သတၱိနဲ႔ လမ္းထြင္တဲ့အခါ တစ္ကမာၻလုံးအေနာက္မွာပါ

[unicode version]

[verse 1: yazarmyothank]
မတပ်မက်သင့်တဲ့ အရာကို တပ်မက်ခဲ့
ရမ္မက်မီးတွေ တောက်လောင်တာ အဆက်မပြတ်ပဲ
အကန့်သတ်မဲ့ အတွေးဟာ စိတ်ရိုင်းအတူတူ ဖြန့်ကျက်ခဲ့
ဝေဒနာ ဒဏ်ရာက နက်နဲ နောက်ဆုတ်ဖို့ ခက်ခဲ
ထိန်းမရပျက်ဆဲ နာရီသံတချက်ချက်နဲ့
အချိန်သာကုန်လာ အမြတ်မထွက်ခဲ့
ပတ်သတ်ခဲ့တဲ့ အမှားတွေအားလုံး အထပ်ထပ်လွဲ
တစ်စစီ ဆုတ်ပြဲနေ စိတ်ကူးဟာ
စက္ကူစုတ်လို အဆက်အစပ်မဲ့
အရှေ့လား အနောက်လား တောင်လား မြောက်လား
ခြေဦးတည့်ရာကို လျှောက်သွားမိ
ဒီအရာတွေ မှောက်မှားတဲ့အခါ
ရည်မှန်းချက်လည်း ပျောက်သွားပြီ
အန္တရာယ်တွေ အိတ်ထဲခေါက်ထားပြီး
အကြောက်တရားမရှိ နောင်တမသိ
ပြသနာတွေ အမြောက်အများ ရှိလာတော့
ဘဝက ရှုံးထွက်ပွဲ အမှန်အမှားမသုံးပဲ
အမှန်ကိုမကြိုက် အမှားကိုလိုက်မိုက်ရင်
ဒုက္ခဆိုတာ မင်းအတွက် အဆုံးသတ်ပဲ
မျက်လုံးတွေ ရဲ့ အောက်
အမှားကိုကွယ်ကာ ဖုံးနေလည်းမပျောက်
မေးခွန်းများအတွက် အဖြေမရှိ
စကားလုံးတွေကလည်း အမြဲပျောက်
ကိလေသာ နဲ့ အသိတွေဟာ
အင်းအားတွေ ယှဉ်ပြိုင်ရုန်းရင်း
တိုက်ပွဲတွေကြားမှာ လောကပါလတရား
ကျရှုံးခြင်း
သောကပါဒများ အလုံးအရင်းလာ
အာဏာသိမ်း စနစ်များလာထိန်း
ဝေဖန်ခွဲခြားခြင်း ဦးနှောက်စနစ် အလစ်ကို
ချောင်းလုပ်ကြံပြီး သေနတ်မောင်းခလုတ်ဖြုတ်ခါနီး
အသတ်တစ်ချောင်းနှုတ်သလို အပြီးသတ်
သုဿာန်အထိ ခရီးဆက်
မဟုတ်မမှန်သည်အတွက် ငုံ့ခံပြီးမရပ်
တုံပြန်သည် အချက်များကို
သရုပ်မှန် အဖြစ်ပြန် တည်းဖြတ်
အမှန်းတရားရဲ့ မှာတမ်းကို အချိန်များက
ထုတ်ပြန်မည့်အတွက်
နာရီလက်တံ အချိန်မှန်အောင်
သံပတ်ပေးဖို့သာ ခလုတ်ပြန်ညှိလျက်

[ chorus ]
အဆုံးထိလျှောက်မှာလား အဲ့အထိကော ရောက်ပါ့မလား
(ခရီးအဆုံးမှာ ဘာရှိလည်း သိချင်တော့
ဆက်ပြီးလျှောက် သာသွား/ နောင်တတွေကြုံမယ်
အသေအချာကို ပြောထားလည်း မင်းက မကြောက်ပါလား)
အဆုံးထိလျှောက်မှာပါ အဲ့အထိလည်း ရောက်မှာပါ
(ခရီးအဆုံးကိုရောက်တဲ့အထိ နောက်လှည့်မကြည့်ပဲ
ဆက်လျှောက်မှာပါနောင်တသည်နောင်မှမို့ ရှောင်မရလို့
အမှားတွေကြားထဲ လျှောက်လာတာ)

[verse 2: lu-g]
ငရဲကိုရောက်ဖို့ဆို လိုသေးတယ်
အဝေးကြီးကြောက်မနေနဲ့ တွေးပြီး
အမှန်တယ် ဇ ရှိရင်စိတ်ကြိုက်ဖြုတ်
money အရေးကြီးဆုံးပဲ…ဘဝမှာ
ကြွက်တစ်ကောင်လို ညည့်အမှောင်ထဲမှာသွားလာ
ခက်ထန်စွာပြုံးပြခဲ့ အရူးတစ်ယောက်လို
လမ်းကြိုလမ်းများကြားမှာ
အလစ်မသုတ်ပဲ အသစ်လုပ်
စိတ်ခန္ဓာကိုယ် နှစ်မြှပ်ရှာ
အစစ်ထုတ် ဒါဆို auto
မင်းအပြစ်လုပ်တာ
အဲ့ အဆုံးမသိတဲ့လမ်းက မင်းရုန်းပြီးအမြန်
run ဖို့မလို မျက်နှာဖုံးနဲ့ လူတွေအတွက်တော့
အမုန်းမီးလျှံပန်းတို့မြို
ဉာဏ်ကိုဆင်ခြင်ပြီး အမှန်ဆိုမမြင်ချင်ယောင်ဆောင်ထား
ခရီးအဆုံးကို ရောက်ဖို့အချိန်နောက်ကျရင် ရမှာ
မင်းသိပ်ကြောက်တဲ့ နောင်တတွေအပြည့်နဲ့
မှောင်မှိက်ချိန် ဘဝအလင်းတွေလာပြီး
ကြီးစိုးရင် မီးသဂြိုလ်စက်ခေါင်းတိုင်ကထွက်
ကောင်းကင်မှာ မီးခိုးအသွင်းဆိုတာ
သိဖို့အရင်လက်ခံ မသေချာတာမနက်ဖြန်
သေဆုံးပြီးနောက်လူတိုင်း တစ်ခေါက်ပြန်
ကြည့်ခွင့်မရှိတော့တဲ့ မှန်
တရားသောအမှန် ကိုဖုံးကွယ်ထားတာ
မတရားသော အကြံ
ပိုက်ဆံနဲ့ပါးစပ်ကို ပိတ်လိုက်
အဲ့လူတွေမမှားတော့ပြန်
ဘာလုပ်မှာလဲ တက်ကြွနေရမယ်
လူငယ်မင်း မူးယစ်ဆေးသုံး
အပျင်းပြေ လောင်းကစား
အနိုင်အရှုံးတွေထားလိုက်နောက်မှ
အဆုံးနိဂုံးတွေလည်းမလှ
အစတည်းက အရှုံးတွေပြ
အမုန်းတွေမပွားပဲ တစ်နေကုန်ရုန်းနေရတဲ့
နာမည်အသုံးတွေမကျ
အပြစ်ဒဏ်တွေခံရဖူး၏
အဖြစ်မှန်တွေပြန်မလာ
အချစ်ခံလူရင်ဘတ် အမုန်းလက်နက်
ဗုံးတပ်ရင်နာလာ
အိမ်မလွမ်းပဲနေမှာလား
လမ်းလွဲတွေရောက်နေတာ အရမ်း
အမှန်ဆိုတာနဲ့ လဲပြီး
ပန်းတိုင်အမှားကြီးသို့ ရောက်ပါစေကွာ မဆန်း

[ chorus ]
အဆုံးထိလျှောက်မှာလား အဲ့အထိကော ရောက်ပါ့မလား
ခရီးအဆုံးမှာ ဘာရှိလည်း သိချင်တော့
ဆက်ပြီးလျှောက် သာသွား
အဆုံးထိလျှောက်မှာပါ အဲ့အထိလည်း ရောက်မှာပါ
ခရီးအဆုံးကိုရောက်တဲ့အထိ နောက်လှည့်မကြည့်ပဲ
ဆက်လျှောက်မှာပါ)
(အဆုံးထိလျှောက်မှာလား အဲ့အထိကော ရောက်ပါ့မလား
နောင်တတွေကြုံမယ် အသေအချာကို ပြောထားလည်း
မင်းက မကြောက်ပါလား
အဆုံးထိလျှောက်မှာပါ အဲ့အထိလည်း ရောက်မှာပါ
နောင်တသည်နောင်မှမို့ ရှောင်မရလို့
အမှားတွေကြားထဲ လျှောက်လာတာ)

[verse 2: kayarr]
ဆက်လျှောက်တာက လျှောက်ရမှာ
ပျောက်တာကလည်း ပျောက်နေတုန်း
ဘယ်အချိန်မှ ကိုယ့်ရှေ့မှောက်
ဗြုန်းဆို ပေါ်လာလေ ဦးမလဲ
အရှုံးထဲတော့ မဆုံးနဲ့
ဒီကုန်း ဘယ်လောက်ပဲ ခုံးလည်း
အခုံးတစ်ဖက်မှာ ဆင်ခြေလျှောဟာ
မမုန်းဖွယ် ပုန်းကွယ်
ကိုယ့်လက်မောင်းကိုယ် ခေါင်းအုံးတုန်း
မြင်ရတဲ့ကောင်းကင်မှ ကြယ်စင်တို့ဟာ
ပြုံးစဖွယ် အရောင်မှိန်ပစေဦးကွယ်
ဤဘဝရဲ့ဒီညမယ် ဆက်လင်းနေတုန်းပဲ
ဘယ်လိုလူတွေကများ ကြယ်တွေကိုမုန်းမလဲ
အော်… မြင်ရတဲ့ ကြယ်တွေက
ကိုယ်ပဲသိတဲ့ကိုယ်ရဲ့ပီတိလို မှိန်ပျပျပေမယ့်
ကြည့်နူးလို့ ဂွမ်းဆီထိသမို့
တစ်ကိုယ်တည်း ကျေနပ်
မေးခွန်းတွေဆို အတိအကျမဖြေတတ်
ငါသိတဲ့ ငါရဲ့အချက်အလက် ငါ့အတွက်
ဘဝကို သဘာဝအလျှောက် ဆားပဲခတ်
ဒီနေ့တစ်ရက်က ငါ့ဆီကငါထပ်ရတဲ့
အခွင့်အရေးတစ်ရပ်
လွတ်လပ်စွာ ငါချီတတ်
ရွတ်ဖတ်စရာကို ညီညွတ်အောင်
စီကပ် မပျက် ရည်ရွယ်ချက်
ခက်နေခဲ့ ခက်နေတုန်း ခက်နေဦးမှာ
သို့သော်ငြား စကားလုံးရှာရတဲ့ ဘဝကိုမမုန်းပါ
တစ်လုံးနဲ့တစ်လုံးကြား ဆက်ကာထုံးထား
အမျက်အကာ ဖုံးမသွားပဲ
ကျုပ်အထာ ပွေ့ပိုက်ထားတာ တခုတ်တရ
စိတ်သဏ္ဌာန်ကို ပုဂ္ဂလဓိဌာန် မစိုအောင် ကြိုးစားဆဲ
မှန်တယ်ဆိုတာ ဘယ်လိုမျိုးများလဲ
အားလုံးကိုမိုးထားတဲ့ မိုးသားလည်း ထာဝစဉ်မပြာ
တစ်ခါတစ် အငြိုးများနဲ့ မှိုင်းကာ မာချင်မာနေတာ….

[ chorus ]
အဆုံးထိလျှောက်မှာလား အဲ့အထိကော ရောက်ပါ့မလား
ခရီးအဆုံးမှာ ဘာရှိလည်း သိချင်တော့
ဆက်ပြီးလျှောက် သာသွား
အဆုံးထိလျှောက်မှာပါ အဲ့အထိလည်း ရောက်မှာပါ
ခရီးအဆုံးကိုရောက်တဲ့အထိ နောက်လှည့်မကြည့်ပဲ
ဆက်လျှောက်မှာပါ
အဆုံးထိလျှောက်တဲ့အခါ အပြုံးတော့မပျောက်ကွာ
ငါ့သတ္တိနဲ့ လမ်းထွင်တဲ့အခါ တစ်ကမ္ဘာလုံးအနောက်မှာပါ

letras aleatórias

MAIS ACESSADOS

Loading...